ကွာရှင်းမယ့် ခင်ပွန်းကို မီးရှို့သတ်ပြီး၊ ကိုယ့်ကိုယ်ကိုလည်း မီးပြန်ရှို့ခဲ့သူ အပြည့်အစုံဖတ်ရန်နှိပ်ပါ။

ကွာရှင်းမယ့် ခင်ပွန်းကို မီးရှို့သတ်ပြီး၊ ကိုယ့်ကိုယ်ကိုလည်း မီးပြန်ရှို့ခဲ့သူ



_________________________________________
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ Srey Mao လို့ အမည်ရတဲ့ အသက် 28 နှစ်အရွယ် အိမ်ထောင်သည် အမျိုးသမီးဟာ သူမရဲ့ ခင်ပွန်း Ma Yingfen (51)နှစ်ကို မီးရှို့သတ်ခဲ့သလို၊ သူမကိုယ်တိုင်လည်း ဓာတ်ဆီလောင်းကာ မီးရှို့ပြီး သေကြောင်းကြံစည်ခဲ့ပါတယ်။

Yingfen ဟာ ဟောင်ကောင်နိုင်ငံသားဖြစ်ပြီး၊ Mao ကတော့ ကမ္ဘောဒီယား-ဗီယက်နမ်ကပြား ဖြစ်ပါတယ်။ သူတို့ လင်မယားနှစ်ယောက်ဟာ ဖနွမ်းပင်မှာ အခြေချနေထိုင်ကြပြီး၊ မကြာသေးခင်ရက်ပိုင်းတုန်းက ခင်ပွန်း Yingfen က Mao ကို ကွာရှင်းခွင့်တောင်းဆိုထားခဲ့ပါတယ်။ ဒီအတွက် နှစ်ယောက်သား အချင်းများ ရန်ဖြစ်ခဲ့ကြပါတယ်။

အဲဒီပြဿနာဟာ ရက်ပိုင်းအတွင်းမှာ အမြင့်ဆုံးဒီဂရီအထိ ရောက်ခဲ့ပြီး၊ နောက်ဆုံး Mao ဟာ ၎င်းတို့တိုက်ခန်းဆီကို တစ်လီတာဝင် ဓာတ်ဆီပုလင်း ငါးပုလင်းနဲ့ ရောက်လာခဲ့ပြီး မိမိကိုယ်ကို ဓာတ်ဆီတွေနဲ့ လောင်းချကာ သေကြောင်းကြံစည်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ အခန်းတစ်ခုလုံး မီးကူးစက် လောင်းကျွမ်းခဲ့ပြီး၊ ခင်ပွန်းဖြစ်သူလည်း မီးလောင်ဒဏ်ရာ အကြီးအကျယ် ရခဲ့ပါတယ်။

မီးသတ်တပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ချိန် နေ့လည် 12.30 နာရီဝန်ကျင်နဲ့ မရှေးမနှောင်းမှာ ရောက်လာခဲ့ပေမယ့် အခန်းက မီးလောင်အား အတော်ကောင်းနေပါပြီ။ အခြားသတင်းတစ်ရပ်မှာ ဖော်ပြချက်အရတော့ Yingfen ကို အရင်ဆုံး ဓာတ်ဆီနဲ့လောင်းပြီး မီးရှို့ခဲ့တာ ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။

အကြောင်းကတော့ မီးလောင်ဒဏ်ရာမှာ Yingfen က အလွန်ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ပြီး၊ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့်
Khmer-Soviet Friendship Hospital ဆေးရုံကိုရောက်ပြီး မကြာမီမှာ သေဆုံးခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူ Mao ကလည်း လောလောဆယ် သတိမေ့မျော့နေခဲ့ပြီး၊ လက်ရှိအချိန်မှာ ရဲအစောင့်အရှောက်နဲ့ ထားရှိပါတယ်။ မကြာမီမှာ စစ်ဆေးနိုင်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။

SM
#Edkza
Powered by Blogger.