ခုချိန်ထိ ရည်းစားမရသေးလို့ အဒေါ်ဖြစ်သူရဲ့ အပြောအဆို ခံနေရတဲ့ အဆိုတော် ပိုပို

ခုချိန်ထိ ရည်းစားမရသေးလို့ အဒေါ်ဖြစ်သူရဲ့ အပြောအဆို ခံနေရတဲ့ အဆိုတော် ပိုပို

အဆိုတော် ပိုပိုတစ်ယောက်ကတော့ ခုချိန်ထိ ရည်းစားမရသေးလို့ သူ့ရဲ့ အဒေါ်ကတောင် ပြောတာခံနေရတယ်လို့ သိရပါတယ်။
ဒါကို သူမ ကိုယ်တိုင် ဖေ့စ်ဘွက်စာမျက်နှာမှာ တင်ထားတာ ဖြစ်ပါတယ်။ ပိုပိုက ဗုဒ္ဓဟူး သမီးဖြစ်ပြီး စိတ်အပြောင်းအလဲမြန်တယ်၊ ကိုယ့်ကိုချော့တာပဲ ကြိုက်ပြီး တစ်ဖက်လူကိုတော့ ပြန်မချော့တတ်လို့ ရည်းစားရဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။
“တစ်နေ့မှာ ၃ ခါလောက် စိတ်ပြောင်းနေတာကိုး  ရူးတယ် ပြောလဲ လက်ခံတယ် 
အဒေါ်ကလဲ ပြောရှာတယ် နင်ရည်းစား ဘယ်ရမလဲတဲ့ ခဏနေ လာခဲ့ ခဏနေ စိတ်က လက်တစ်ဆစ်ဖြစ်ပြီး 
မလာနဲ့တော့ဆိုပြီး လုပ်နေတာကိုးတဲ့”  ဟုရေးသားထားသည်။
အမှန်ကလည်း ပိုပိုက သီချင်းတွေထဲမှာ နူးညံ့သလောက် အပြင်မှတော့ ခပ်ဆက်ဆက်စကားပြောတတ်သူဖြစ်သည် သူ့ကိုယ်သူတောင် ယောက်ျားလို နေခဲ့ဖူးတယ်၊ ခုချိန်ထိ ယောက်ျားဆန်တန်လို့ သိထားသူဖြစ်သည်။
“ပြီးတော့ စိတ်ကလဲ ကြီးပါ့ သူများကိုသာ စနောက်တာ ကိုယ့်ကို လာနောက်ရင် မကြိုက်ဘူး “ ဟုဆိုသည်။
ပိုပိုက အဆိုတော်အဖြစ်နဲ့ အောင်မြင်ပြီး ရုပ်ရှင်သရုပ်ဆောင်အဖြစ်နဲ့ပါကြောက်ကြောက်ကြောက် ရုပ်ရှင်တွင် ပါဝင်ထားသူဖြစ်သည်။ သူမရဲ့သီချင်း အမ်တီဗီများကိုလည်း ကိုယ်တိုင်သရုပ်ဆောင်သည်။ အောင်မြင်မှုတွေနဲ့အတူ သူမရဲ့ လက်တွဲဖော်ကတော့ ခုချိန်ထိ ပေါ်မလာသေးပါဘူး။ ထုတ်မပြသေးတာလည်း ဖြစ်နိုင်ပါတယ်။
Powered by Blogger.