စင်ကာပူတွင် ပြည့်တန်ဆာလုပ်တဲ့ နိုင်ငံခြားသား အမျိုးသမီး ၃ ဦးကို သက်သေခံ ကွန်ဒုံး၊ ချောဆီ တို့နဲ့အတူ ဖမ်းစီးရမိ။ အပြည့်အစုံဖတ်ရန်နှိပ်ပါ။

စင်ကာပူတွင် ပြည့်တန်ဆာလုပ်တဲ့ နိုင်ငံခြားသား အမျိုးသမီး ၃ ဦးကို သက်သေခံ ကွန်ဒုံး၊ ချောဆီ တို့နဲ့အတူ



 ဇွန် ၂၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း စင်ကာပူရဲဌာနမှ ယနေ့ ဇွန် ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်ပါတယ်။ မည်သည့်နိုင်ငံသားများဖြစ်တယ်ဆိုတာ ဖော်ပြမထားဘဲ အသက် ၃၇ နှစ်မှ ၄၂ နှစ်အတွင်းရှိ အဆိုပါ အမျိုးသမီး ၃ ဦးသည် စင်ကာပူကို အလည်အပတ် သဘောမျိုးနဲ့ လာရောက်ပြီး ပြည့်တန်ဆာ လာလုပ်တယ်လို့ ဖော်ပြထားပါတယ်။ သူတို့ရဲ့  လိင်ပိုင်းဆိုင်ရာ ၀န်ဆောင်မှုများကို အွန်လိုင်းမှ တဆင့် ကြော်ငြာပြီး လုပ်ကိုင်တယ်လို့ သိရပါတယ်။

အဆိုပါအလုပ်မျိုးလုပ်ကိုင်သူကို အခန်းငှားရမ်းသော အိမ်ရှင်သည် ပထမဆုံးအကြိမ်အတွက် အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ် (သို့) အမြင့်ဆုံး ငွေဒဏ် စင်ကာပူဒေါ်လာ ၃ ထောင် (သို့) ၄င်းပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံရနိုင်ပါကြောင်းနှင့် ထပ်ဆင့်ကျူးလွန်မိပါက အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ် (သို့) အမြင့်ဆုံး ငွေဒဏ် စင်ကာပူဒေါ်လာ ၁ သောင်း (သို့) ၄င်းပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံရနိုင်ကြောင်း သိရသည်။

စလုံး##ကျော်သက်ထွေး
Powered by Blogger.