မြန်မာတွေဟာ လူသားပါ ရောင်းကုန်မဟုတ်ပါ။..... စင်္ကာပူအဟောင်းပစ္စည်းတွေ ရောင်းချတဲ့ ဝဘ်ဆိုဒ်တစ်ခုမှာ lynnkueh ဆိုတဲ့အကောင့်ပိုင်ရှင်က မြန်မာမိန်းကလေးတစ်ဦးကို ရောင်းကုန်တစ်ခုလို လေလံတင်ထားတာ မြင်ရလို့ MUNA ဝိုင်းတော်သားတွေ စိတ်မကောင်း ဖြစ်မိပါတယ်။အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ။

မြန်မာတွေဟာ လူသားပါ ရောင်းကုန်မဟုတ်ပါ။.....

စင်္ကာပူအဟောင်းပစ္စည်းတွေ ရောင်းချတဲ့ ဝဘ်ဆိုဒ်တစ်ခုမှာ lynnkueh ဆိုတဲ့အကောင့်ပိုင်ရှင်က မြန်မာမိန်းကလေးတစ်ဦးကို ရောင်းကုန်တစ်ခုလို လေလံတင်ထားတာ မြင်ရလို့ MUNA ဝိုင်းတော်သားတွေ စိတ်မကောင်း ဖြစ်မိပါတယ်။

























 မြန်မာလူမျိုးတွေဟာ ရောင်းကုန်တစ်ခုလိုတောင် အထင်သေးခံနေရပြီလားလို့ တွေးမိပါတယ်။ ပေးထားတဲ့ စာရွက်ကိုဖတ်ကြည့်တော့ ချင်းပြည်နယ် မင်းတပ်မြို့ကလို့ တွေ့ရတယ်။ အသက်က (၂၅) နှစ်၊ ဆယ်တန်းအောင်ထားတဲ့ မြန်မာအမျိုးကောင်းသမီး မိန်းမပျိုလေးတစ်ဦးပါ။ ဒါမျိုးကိစ္စက အွန်လိုင်းပေါ်မှာ တင်ရောင်းလို့ သိလိုက်ရပေမယ့် အပြင်မှာတင် လက်သိပ်ထိုးပြီး ရောင်းစားခံနေရတာ ဘယ်လောက်ထိများမယ်ဆိုတာ မတွေးဝံ့စရာပါပဲလား။.....

အခုလ ၂၃ရက်နေ့က lynnkueh ဆိုတဲ့အကောင့်ပိုင်ရှင်က အင်တာနက်မှာအခုလိုတင်လိုက်ပါတယ် …

“မြန်မာအိမ်ဖော်လက်လွှဲပေးမည်”
ကျမရဲ့ အိမ်ဖော်အဟောင်း ပြန်ရောက်လာတာကြောင့် (ပိုနေလို့) အရေးပေါ် လွှဲပြောင်းပေးချင်တဲ့ အိမ်ဖော်တစ်ယောက် ရှိတယ်။ သူမဟာ ပိတ်ရက်မယူတဲ့အပြင် ငယ်ရွယ်ပြီးတော့ စိတ်တိုင်းကျ ခိုင်းလို့လည်းရတယ်။ ခိုင်းချင်တာခိုင်း လုပ်ပေးတယ်။ စိတ်ရှည်လက်ရှည်နဲ့ လေ့ကျင့်သင်ကြားပြီး ခိုင်းမယ်ဆိုရင် တကယ့်ကို အထောက်အကူဖြစ်စေမယ့် အိမ်ဖော်ကောင်းကောင်းအဖြစ် အသုံးတည့်လိမ့်မယ်။ သူမဟာ အေဂျင်ဆီမှာ အကြွေးတင်နေလို့ (ပြန်လို့မရသေး) နေရအုံးမှာ။ စိတ်ဝင်စားရင် လက်တို့လိုက်ပါ။"....

လူကိုပစ္စည်းတစ်ခုလိုရောင်းခံရတာကို မခံနိုင်လို့ပါ။ မြန်မာတွေဟာ ရောင်းကုန်မဟုတ်ဘူးဆိုတာ အားလုံးကိုသိစေချင်လို့ MUNA အနေနဲ့တင်ပြပေးလိုက်ပါတယ်။

မူရင်ပါတဲ့လင့်ပါ » https://carousell.com/p/117962654/
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က carousell website မှာ တင်ထားတာပါ။

.
Writer - ခေဋီဈက်အို :: Kay Te Zat O/MUNA

#MUNA
ZNO(မူကြို)
Powered by Blogger.