ထပါအုံးမေမေ့ သားလေးရယ် ကမ္ဘာကျော်စေမယ့် post (သို့မဟုတ်) အမေတစ်ယောက်ရဲ့ ငိုရိုက်သံ အပြည့်အစုံဖတ်ရန် နှိပ်ပါ။



""အမေတို့လေ ဈေးရောင်းရတာ
အမြတ်များများရလို့မဟုတ်ပါဘူးသားရယ် ။
အမေတို့ရဲ့ နေ့ဖို့ညစာလေး
လုံလောက်ရုံသာပါသားရယ် ။
အမေနဲ့သားနှစ်ရှည်လများကြာစွာနဲ့
ဈေးရောင်းလာခဲ့ကြတာပါသားရယ် ။
အခုတော့အမေကို ထားသွားခဲ့ပြီပေါ့သား ။
ဟီ့း့ဟီ့း့( ငို ) အမေမှာလေ
သောကတွေတစ်ဝေဝေနဲ့
ဘယ်လမ်းဘယ်ဝယ်ဆီကို့
လျှောက်လှမ်းရပါလိမ့်မလဲသားရယ် ။
လူမဆန်လို့  ငါ့သားလေးသေပွဲဝင်
အသက်ကိုပင်နှင်းအပ်ခဲ့ရပါပြီသားရယ် ။
အမေကို  လေ  အမေ့ကို
သာ့း့သာ့း့ထကြည့်ပါအုံးသားရယ် ။
အမေလေ သားနဲ့အတူ
ဈေးတွေလေ့ဈေးတွေရောင်းမယ်သား ။
ထပါအုံးသားရဲ့ ။
အမေ့ကိုသားထကြည့်ပါအုံး ။
သူများတွေသားကိုကြည့်နေကြတယ်သားရဲ့။
မြေပြင်မှာကျောခင်းလို့
သားမအိပ်ပါနဲ့တော့သားရယ် ။
သားမရှက်ပေမယ့် အမေရှက်တယ်သား ။
ထပါအုံးသားရယ် ။
အမေတို့ပိုက်ဆံတွေအများကြီးရရင်လေ
သာ့း့သာ့း့ကိုအမေ
ရှင်ပြုပေးမယ်သား ။
သားပြောခဲ့တယ်မဟုတ်လား ။
"သားကကိုရင်ဝတ်မယ် 
  အမေကရဟန်းဒကာမကြီးလုပ်ရမယ်" ဆို
  အခုတော့ အမေ့ကို့အမေ့ကို
  ထားသွားခဲ့ပြီလားသားရယ် ။
အမေ့အသက်ကိုသတ်သွားကြတာပါသား
သားကိုမဟုတ်ပါဘူးသားရယ်
အမေ့ရဲ့အသဲနှလုံးကို 
ကြိတ်နင်းသွားကြတာပါသားရယ် ။
အမေ့မှာလေ  အမေ့မှာလေ
ဈေးတွေကိုဘယ်လိုရောင်းမလဲသား ။
သားကဈေးဗျို့  ဈေးဗျို့  လို့အော်ရင်
အမေက ဈေးသက်သာမယ် လို့
အော်ကြမယ်သားရဲ့ ။
ထပါအုံးသားရယ့့်
ထပါအုံးသားရယ့့် ။
သားထပါအုံ့း့။

Powered by Blogger.