ပန်းတ​နော်​မြို့နယ်​ ​ရေ​ပေါ်​ရေလဲရွာမှ မအူပင်​မြို့တွင်​ တစ်​​နေရာစီ အိမ်​အကူလာ​ရောက်​လုပ်​ကိုင်​သည့်​ မိန်းက​လေး နှစ်​ဦးအနက်​မှ ညီမဖြစ်​သူ ဆွဲကြိုးချ​သေဆုံးမှု ဖြစ်​ပွား ၊ ​နေ့​ချင်းပင်​ ကရုဏာလူမှုကူညီ​ရေးအသင်းနိဗ္ဗာန်​ယာဉ်​ဖြင့်​ မအူပင်​​ဆေးရုံ ရင်​ခွဲရုံမှ ပန်းတ​နော်​မြို့နယ်​သို့ ပို့​ဆောင်​ ================

ပန်းတ​နော်​မြို့နယ်​ ​ရေ​ပေါ်​ရေလဲရွာမှ မအူပင်​မြို့တွင်​ တစ်​​နေရာစီ အိမ်​အကူလာ​ရောက်​လုပ်​ကိုင်​သည့်​ မိန်းက​လေး နှစ်​ဦးအနက်​မှ ညီမဖြစ်​သူ ဆွဲကြိုးချ​သေဆုံးမှု ဖြစ်​ပွား ၊ ​နေ့​ချင်းပင်​  ကရုဏာလူမှုကူညီ​ရေးအသင်းနိဗ္ဗာန်​ယာဉ်​ဖြင့်​ မအူပင်​​ဆေးရုံ ရင်​ခွဲရုံမှ ပန်းတ​နော်​မြို့နယ်​သို့ ပို့​ဆောင်
================



05/08/2017

  မအူပင်​မြို့ ၊ အမှတ်​(၁၂)ရပ်​ကွက်​ ၊ မင်းလမ်း(လမ်းသစ်​ပိုင်း) ၊ ​ပေါ်​တော်​မူကုန်းထိပ်​အနီး ၊ စက်​မှုလယ်​ယာထွန်​စက်​စခန်းဝန်းကပ်​လျက်​ နေအိမ်​ခြံဝန်းကျယ်​တစ်​ခုအတွင်းရှိ ​တိုက်​ခံ​နေအိမ်​တွင်​ အိမ်​အကူအဖြစ်​ လာ​ရောက်​လုပ်​ကိုင်​သည့်​ မိန်းက​လေးတစ်​ဦးသည်​ ယ​နေ့​ ​နေ့လည်​ပိုင်းက ဆွဲကြိုးချ ​သေဆုံး​နေခြင်း ဖြစ်ပွားပါသည်​ ။

ဖြစ်​စဉ်​မှာ ယ​နေ့ ၀၅-၀၈-၂၀၁၇ ​နေ့လည်​ (၂)နာရီအချိန်​ခန့့်​မှာ အဆိုပါ​နေအိမ်​တွင်​ မိသားစုဝင်​များ မရှိခိုက်​ အိမ်​ရှင်​ ရှေ့​နေကြီး(ငြိမ်း)တစ်​ဦး၏ဇနီး ဆရာမကြီး(ငြိမ်း)မှ (၁၂)ရပ်​ကွက်​ မြို့သစ်​ (၃)လမ်း စိတ္တသုခ​ကျောင်း​တိုက်​ရှိ တရားစခန်းမှ ပြန်​လာစဉ်​ ​၎င်းနေအိမ်​တွင်​ အိမ်​အကူအဖြစ်​ လာ​ရောက်​လုပ်​ကို​င်​နေထိုင်​သည့်​ ပန်းတ​နော်​မြို့နယ်​ ၊ ​ရေ​ပေါ်​ရေလဲ​ကျေးရွာ​​နေ ဦးမင်းဟန်​ ​ဒေါ်စန်းယု​မော်​တို့၏ သမီးငယ်​ မမိုးစန္ဒာ ၊ (၁၅)နှစ်​ခန့်​သည်​ ​​နေအိမ်​ အောက်​ထပ်​မှ အ​ပေါ်ထပ်​သို့ တက်​ရာ​လှေကားထစ်​ အုတ်​ခုံတုံး၌ လက်​သန်းလုံးဝန်းကျင်​ခန့်​ရှိ အစိမ်း​ရောင်​ပလက်​စတစ်​လွန်​လိမ်​ကြိုးဖြင့်​ ဆွဲကြိုးချလျက်​ရှိ​နေ​သည်​ကို စတင်​​တွေ့ရှိရ​သဖြင့်​ ထိတ်​လန့်​တကြားဖြစ်​၍ အိမ်​​ရှေ့ထွက်​ကာ ပတ်​ဝန်းကျင်​ရှိလူများထံ​ ​အော်​ဟစ်​အကူအညီတောင်းခံခဲ့ရ​ကြောင်း ၊ ​သေဆုံးသူမိန်းက​လေး၏ အစ်​မဖြစ်​သူ အသက်​ ၁၉/၂၀နှစ်​ ဝန်းကျင်​ခန့်​ရှိသူသည်​လည်း (၁၂)ရပ်​ကွက်​ ၊ မြို့သစ်​ (၄)လမ်းရှိ ​နေအိမ်​တစ်​ခုတွင်​ အိမ်​အကူအဖြစ်​လုပ်​ကိုင်​လျက်​ရှိပြီး ထိုသို့ ​သေမှု​သေခင်းဖြစ်​ရာသို့ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးရုံးမှ တာဝန်​ရှိသူများနှင့်​ သက်​ဆိုင်​ရာ မအူပင်မြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူးဝင်းဇော်​မိုးနှင့်​ တာဝန်​ရှိသူများက လာ​ရောက်​ကြည့်​ရှုစစ်​​ဆေးခဲ့ပြီး ရုပ်​အ​လောင်းအား ကရုဏာလူမှုကူညီ​ရေးယာဉ်​ဖြင့်​ ည​နေ(၄)နာရီအချိန်​ခန့်​ မအူပင်​ခရိုင်​​ဆေးရုံ ရင်​ခွဲရုံသို့ ပို့​ဆောင်​ စစ်​​ဆေး​​စေပြီးေ​နာက်​ ယ​နေ့ည ၇.၃၀အချိန်​ခန့်​မှာ ကရုဏာလူမှုကူညီ​ရေးနိဗ္ဗာန်​ယာဉ်​ဖြင့်​ပင်​ ​သေဆုံးသူမိန်းက​လေး၏မိသားစု ​နေထိုင်​ရာ ပန်းတ​နော်​မြို့နယ်​ ၊ ​ရေ​ပေါ်​ရေလဲရွာရှိ ​နေအိမ်​သို့ ကူညီပို့​​ဆောင်​ ​ပေးလိုက်​​ကြောင်း သက်​ဆိုင်​ရာနှင့်​နီးစပ်​သူ ၊ ရပ်​ကွက်​​နေပြည်​သူအချို့ထံမှ စုံစမ်း​မေးမြန်း သိရှိရပါသည်​ ။

#Edkza@Kaung Myat
Powered by Blogger.