အချစ်ရေးကိစ္စအကြောင်း ဖွင့်ပြောလိုက်တဲ့ ကျော်ထက်အောင်


Myanmar Idol Season ကနေ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့သူကတော့ ကျော်ထက်အောင်ပဲ ဖြစ်ပါတယ်။ သူကတော့ ပထမဆုံး ရုပ်ရှင်ကားကြီးမှာတင် နာမည်ကြီး သရုပ်ဆောင်တွေရဲ့ သူငယ်ဖြစ်ခဲ့ရပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အခုဒုတိယဇာတ်ကားကြီးမှာလဲ နာမည်ကြီး သရုပ်ဆောင်တွေနဲ့အတူ မိသားစု ဒရမ်မာ ဇာတ်ကားကြီးထပ်ရိုက်မယ်လို့ သိရပါတယ်။ မိသားစု တစ်စုမှာ အမှားလေးတစ်ခု ကျူးလွန်လိုက်တာနဲ့ နောက်ထပ်မျိုးဆက်တွေမှာပါ ဒဏ်ရာတွေရတယ်ဆိုတဲ့ ပညာပေးဇာတ်ကားလို့ သိရပါတယ်။

ဇာတ်ကားတွေရိုက်လာပေမယ့် presenterအလုပ်ကပဲ မိသားစုကို အဆင်ပြေအောင် ထားနိုင်လာခဲ့တဲ့ အလုပ်ဖြစ်တဲ့အတွက် ဆက်ပြီးလုပ်နေမှာပါ။ ပွဲတွေလဲ လက်ခံမယ် ဇာတ်ကားတွေလဲ ရိုက်မယ်။ ပွဲတွေမရှိတော့ရင်လဲ Presenterနည်းပြတစ်ယောက် အနေနဲ့ ရပ်တည်သွားမှာပါ။ ဒီအလုပ်နဲ့ပဲ မိဘတွေကို လုပ်ကျွေးနိုင်တယ်။ ကောင်းကောင်းလဲ ထားနိုင်လာတယ်။ အခုတော့ အနုပညာလောကထဲကို ရောက်သွားပြီလို့ ပြောရမှာပေါ့နော်။ ဇာတ်ကားတွေလဲ ဆက်တိုက်ရိုက်လာရတယ်ပေါ့။ ပထမဆုံး ကားနဲ့ပဲ ပရိသတ်က လက်ခံပေးခဲ့တော့ ကျွန်တော်အတွက် အဆင်ပြေပါတယ်။

အမေနဲ့ အဖေ မျက်ကွယ်မပြုခင် အချိန်ထိ စိတ်ချမ်းသာအောင်ထားချင်တယ်။ ကျွန်တော်က Mother Soonလေ။ အချစ်ရေးကတော့ အေးဆေးပါပဲ။ ကျွန်တော်က အမေချစ်တဲ့ သားတစ်ယောက်ဆိုတော့ ချစ်သူထားရင်လဲ အမေနဲ့တည့်မယ့်သူကို အမေစိတ်ကြိုက် ရွေးချယ်မှာပါ။ အစားထိုးမရတဲ့ လူကိုပဲ ဦးစားပေးရမှာပေါ့။ အမေကြိုက်တဲ့ သူဆိုတာထက် အမေနဲ့ တည့်မယ့် ချွေးမကိုပဲ ရွေးချယ်မှာပါ။

Credit – မျက်ပြေ(မိုမိုလေး)

Powered by Blogger.