မီးပူ ချိုးများ ဖယ်ရှားနည်း

မီးပူ ချိုးများ ဖယ်ရှားနည်း





မီးပူ တိုက်တဲ့ အခါ မီးကျွမ်းသွားလို့ မီးပူရဲ့အောက်ခြေမှာ ချိုးတွေ ကပ်နေတာ လူတိုင်း ကြုံတွေ့ဖူး ပါလိမ့်မယ်။

ဒီချိုးတွေကို မခွာ မခြင်း နောက်ထပ်အကျီ င်္တွေမှာပါ စွန်းထင်းပြီး အရာထင် နိုင်တာမို့ ကိုယ့်ရဲ့ အ၀တ်စားတွေ မပျက်စီး ရလေအောင် ဒီဟာတွေကို ခွာချဖို့ အရမ်းလွယ်ကူပြီး ငွေကုန်ကြေးကျမရှိတဲ့ နည်းလမ်းလေး တစ်ခုကို ဝေမျှပေးလိုက်ပါတယ်။

၁- မီးပူတိုက်ဖို့အတွက် အ၀တ် ပြန့်ပြန့် တစ်ခု အရင်ဦး ဆုံးခင်း လိုက်ပါ။

၂- အ၀တ်ပြန့်ပေါ်သို့ အိမ်သုံးဆား ထမင်းစားဇွန်း တစ်ဇွန်းစာ ဖြူးချ လိုက်ပါ။

၃- မီးပူပလပ်ထိုးပြီး ပူလာတဲ့ အခါ အ၀တ်ပြန့်ပေါ်မှာ မီးပူတိုက်သကဲ့သို့ တိုက်လိုက်ပါ။

သိပ်မကြာခင် အချိန်လေးမှာ မီးပူအောက် ခြေမှာ ကပ်ညိ နေတဲ့ ချိုးတွေဟာ အိမ်သုံးဆားမှာ ကပ်ပါသွားပြီး မီးပူအောက်ခြေဟာ အသစ်ကဲ့သို့ ပြန်လည် ဖြစ်သွားတာကို တွေ့ရ ပါလိမ့်မယ်။

Ref : Po Po Lay
Photo Credit : leedsbay
#မေသတင်းရပ်ကွက်လေး
Powered by Blogger.