ချစ်သူရည်းစားထားတော့မယ်ဆို ဘယ်အရွယ်က အကောင်းဆုံးလည်း ဘယ်အရွယ်ဘယ်ပုံစံကို ချစ်သူရည်းစားထားသင့်သလဲ ? ပုံကိုနှိပ်ပြီးလေ့လာလိုက်ပါ။

၁- ဒီအရွယ်တန်းတွေဆိုတာက အနေတော်မှာ
ချလိုက်တဲ့ ကုလားပဲအိုးလိုပဲ၊ မာဆတ်ဆတ်ကြီးလည်း
ဖြစ်မနေဘူး၊ ပြဲလည်း မပြဲသလို၊ တူးလည်း မတူးဘူး၊
ပြောရရင် နူးပြီး အိနေကြပြီပေါ့၊ အဆင်သင့်ခူးခပ်စားရုံ…



၂- နောက်ပြီး ဒီအရွယ်တွေက ရည်းစားနဲ့ ဖုန်းပြောဖို့
အရေး ဖုန်းဘေလ်ပြေးစစ်ရတဲ့အထဲမှာ မပါဘူး၊ သူတို့က
အလုပ်နဲ့ အကိုင်နဲ့ အထုပ်နဲ့ အထည်နဲ့ ဖြစ်နေကြပြီ…

၃- နောက်တစ်ချက်က သူတို့ဟာ ချက်ဆို နားကွက်က
မီးဟုန်းဟုန်းတောက်နေကြပြီ၊ အရိပ်ပြရုံနဲ့တင် အကောင်
တင်မကဘဲ အသွေးရော အသားပါ ထိုးဖောက်ပြီး
ကွက်ကျော်မြင်တတ်နေကြပြီ…

၎- အရေးကြီးတဲ့တစ်ချက်က သူတို့ဟာ ဆိုးလို့ ဝနေကြပြီ၊
မလုပ်ဘူးတာမရှိ၊ မစမ်းဘူးတာမရှိ၊ မကလိဘူးတာမရှိ၊
ဒီတော့ ဒီတစ်ချီသာ ပွပေါက်တိုးလို့ကတော့ ဒီတစ်သက်
လိမ္မာပြီကွာဆိုတဲ့ အတွေးကို ရင်ဝယ်ပိုက်လာကြပြီ…

၅- နောက်တစ်ခုက ဒီအရွယ်တန်းတွေဟာ လူပါး
တော်တော်ဝနေကြပြီ၊ သူတို့က တော်ရုံတန်ရုံ ကြုံရမယ့်
လောကဓံလောက်ဆို နည်းနည်းလေးမှ မဖြုံတော့ဘူး…

၆- နောက်ပြီးသူတို့ဟာ လိုရင်းကို တိုတိုရှင်းရှင်းပဲ
လုပ်ချင်ကိုင်ချင်နေကြပြီ၊ ဝှေ့မနေတော့ဘူး၊ ဒဲ့ပဲ၊
အီစီကလီတွေ၊ မူလဂျီတွန်တီတွေကို စိတ်မဝင်စားဘူး…

၇- သူတို့ဟာ နေရာတကာမှာ ဆရာကျနေကြပြီဖြစ်လို့
သူတို့လက်ထဲကို သင့်ဘဝကြီး ဝကွက်အပ်လို့ ရနေပြီ၊
ဆိုလိုတာက မြင်ရုံနဲ့တင် အားကိုးချင်စရာကြီးတွေပေါ့…

၈- ကိုကိုခေါ်ရင် “ဗျာ”တန်းထူးတာ၊ “မောင်”ဆိုတာနဲ့
ငေါက်ကနဲ ထထိုင်တာ ဒီအရွယ်တန်းတွေပါပဲ၊ သူတို့ဟာ
ဂျစ်ကန်ကန်တွေ မဟုတ်ဘူး၊ မိုက်ကန်းကန်း မလုပ်ဘူး…

၉- သင်ဆိုးချင်တိုင်ဆိုး၊ ကောက်ချင်တိုင်းကောက်၊
ချွဲချင်တိုင်းချွဲ၊ နွဲ့ချင်တိုင်းနွဲ့တာတွေကို သည်းခံနိုင်တဲ့
နေရာမှာ သူတို့အရွယ်တွေက နိုးတူးပါပဲ၊ သူတို့ဟာ
သင်ကျင့်သမျှ (အနိုင်) ကို သွေးအေးအေးနဲ့ ရင်ဆိုင်မယ့်
အာဂတွေပါပဲ…

၁၀- သူတို့ဟာ အံတိုနေတဲ့အမျိုး၊ အရေထူနေတဲ့အစား
တွေဖြစ်လို့ စိတ်ကောက်တာတွေ၊ ချေ(ဂျီ)တိုက်တာတွေ၊
ရစ်တာတွေ၊ ချေတာတွေကို သိပ်မလုပ်ကြတော့ပါဘူး…

၁၁- နောက်ပြီး သူတို့ဟာ အတောင်စုံ၊ အလက်စုံပြီး
အလုပ်နဲ့ အကိုင်နဲ့ ဖြစ်နေကြတာမို့ ရွှေတွဲလဲ၊ ငွေတွဲလဲနဲ့
အိမ်တပြောင် မီးတဆောင်လောက်ကို အသာလေး
“ဟချလောင်း”ဆိုပြီး လုပ်ပြနိုင်တဲ့သူတွေဖြစ်ပါတယ်…

၁၂- ဒီအရွယ်တွေဟာ သူတို့ဘဝမှာ ချီးထုပ်ပေါင်းများစွာ
ကို ရင်ဆိုင်ကြုံတွေ့ဖြတ်ကျော်လာကြသူချည်းဖြစ်တာမို့
ဒီတစ်ခါတော့ အပိုင်ပဲကွဆိုပြီး အားခဲထားကြသူတွေပါ…

၁၃- ဆိုတော့ သူတို့အရွယ်တွေဟာ ဘောလုံးစကားနဲ့
ပြောရရင် အကောင်းဆုံးအချိန်ကို ရောက်နေကြသူတွေ
ဖြစ်တာမို့ သင့်အနေနဲ့ ဒီ့ထက်ပိုပြီး နောက်မကျခင်
ခပ်မြန်မြန်လေး လက်သွက်ဖို့တော့ လိုနေကြောင်းပါ…???

ကဲစဉ်းစားမ​နေနဲ့ ၃၀ ​ကျော်​ ကိုကို မမ ​တွေကို
ခုချက်​ချင်းဖမ်းပြီး ရည်းစား​တော်​လိုက်​​တော့

Credit မြန်မာပြည်ထိပ်တန်း သတင်းထူးများ
Powered by Blogger.