စိတ်ပြက်ဖွယ်ရာ အသက် 8 နှစ်အရွယ် သတိုးသားနှင့် 61 နှစ်အရွယ် သတိုးသမီးတို့၏ မင်္ဂလာဧည့်ခံပွဲ

စိတ်ပြက်ဖွယ်ရာ အသက် 8 နှစ်အရွယ် သတိုးသားနှင့် 61 နှစ်အရွယ် သတိုးသမီးတို့၏ မင်္ဂလာဧည့်ခံပွဲ
____________________________________



 အာဖရိကလူမျိုးများနေထိုင်ရာ အာဖရိကတောင်ပိုင်း
တွင် ဟယ်လင် ဟု အမည်ရှိတဲ့ ၈နှစ်အရွယ် သတိုး
သားနှင့် လက်ထပ်ထိမ်းမြားခဲ့သည့် ၆၁ နှစ်အရွယ်ရှိ
Sanele Masilela အမည်ရှိ သတိုးသမီးတို့၏ မင်္ဂလာ
ဧည့်ခံပွဲသည် စည်စည်ကားကား သိုက်သိုက်မြိုက်
မြိုက် ရှိခဲ့ကြသည်။

    Sanele Masilela သည် ဟယ်လင်အား အရင်ဘဝ
က သူမ၏ လင်ယောင်္ကျားဝင်စားသည်ဟု နတ်ဆရာ
များက ဟောကိန်းထုတ်ခဲ့သဖြင့် အစွဲအလမ်းကြီးစွာ
သူမ၏ ချစ်လင်အမှတ်ဖြင့် လက်ထပ်ခဲ့ခြင်းဖြစ်ပါ
တယ်။
သူမတို့၏ စုံတွဲသတင်းသည် တမုဟုတ်ခြင်းဆိုသလို
လူမှု့ကွန်ကရက် ဖေ့စ်ဘုတ်ပေါ်တွင် ရေးပန်းစား
လူသိများခဲ့လေပြီ။Sanele Masilela၏ လင်ယောက်
ကျားသည် သွေးကင်ဆာဖြင့် အသက် ၄၈နှစ်အရွယ်
တွင် ကွယ်လွန်တိမ်းပါးခဲ့ပြီးနောက် သူမသည်လည်း
အစွဲအလမ်းကြီးစွာ ပူဆွေးသောကများဖြင့် လူ့လော
က တွင် ကျန်ရစ်ခဲ့ခြင်း ဖြစ်ပါသည်။

   ဟယ်လင်သည် သူမ၏အသက် ၅၃နှစ်အရွယ်တွင်
သူမ၏ အိမ်နီးချင်းမှ ကိုယ်ဝန်ဆောင်အမျိုးသမီး၏
ဝမ်းဗိုက်ထဲတွင် လူဝင်စား ဖြစ်ခဲ့ပါသည်။ဟယ်လင်
အား ကိုယ်ဝန်ဆောင်စဉ်ထဲက Sanele Masilela အိမ်
မက်ထဲတွင် မိုးကျနတ်သားတစ်ပါးနှင့် သူ့ရဲ့ရင်သွေး
က ရွှေလက်တွဲကာ ပျော်ရွှင်နေကြသည်ဟု ခဏခဏ
မြင်မက်ခဲ့ရာမှ နတ်ဆရာထံ ဗေဒင်မေးမြန်းခဲ့ရာ အ
ရင် ဘဝက သူမ၏လင်ယောက်ကျား ဝင်စားသည်
ဟု ဟောခဲ့ခြင်းဖြစ်၍ လက်ထပ်ခဲ့ခြင်း ဖြစ်ပါသည်။

#credit
Powered by Blogger.