မြန်မာရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် ဦးဇင်ဝိုင်းတကြော့ပြန်ရွေးချယ်ခံရ အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ။

မြန်မာရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် ဦးဇင်ဝိုင်းတကြော့ပြန်ရွေးချယ်ခံရ

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌသစ်အဖြစ် ဒီကနေ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ မဲပေးရွေးချယ်ကြရာမှာ  ဦးဇင်ဝိုင်းက မဲအများစုနဲ့ အနိုင်ရရှိသွားပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဦးစီးအမှုဆောင်သစ်တွေအဖြစ် ဦးဇင်ဝိုင်းက ဥက္ကဋ္ဌ၊ ဦးအေးကြူလေးက ဒုဥက္ကဋ္ဌ (၁)၊ ဦးဇော်မင်း (မင်္ဂလာ)က ဒုဥက္ကဋ္ဌ (၂)၊ ဦးညီညီထွန်းလွင်က အတွင်းရေးမှူး၊ ဦးဇော်မြင့်ဦးက တွဲဖက်အတွင်းရေးမှူး (၁)၊ ဦးဇော်မင်း (ဟံသာမြေ)က တွဲဖက်အတွင်းရေးမှူး(၂)တို့ကိုရွေးချယ်ခဲ့ပါတယ်။
ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်ကေခိုင်စိုး၊ စာရင်းစစ်တွေအဖြစ် ဦးသက်(အိုအေစစ်)နဲ့ ဦးလှသိန်းတို့ ပါဝင်ပြီး အဖွဲ့ဝင်တွေအဖြစ်တော့ ဦးခန့်စည်သူ၊ ဦးဝင်းနိုင်၊ ဦးနေထူးနိုင်၊ ဦးသိန်းရွှေနဲ့ ဦးတင်ထွန်းအောင်တို့ ရွေးချယ်ခံရပါတယ်။
ပြန်ကြားရေးမှူးတွေအဖြစ် ဦးခင်မောင်ချင်း၊ ဦးကျော်ညွန့်နဲ့ ဦးတင်ငြိမ်းတို့ ရွေးချယ်ခံရပါတယ်။ စည်းရုံးရေးမှူးတွေအဖြစ်တော့ ဦးအောင်ခိုင်၊ ဦးသားကျော်နဲ့ ဦးဝင်းမြိုင်တို့ရွေးချယ်ခံရပါတယ်။
အမှုဆောင်သစ်တွေပြန်လည်ရွေးချယ်ဖို့အတွက် ရုပ်ရှင်လောကသားတွေဟာ စက်တင်ဘာ ၂၃နဲ့ ၂၄ ရက်တွေက ဆန္ဒမဲပေးခဲ့ကြပြီး   အလွှာအသီးသီးက ကိုယ်စားပြုသူ ၂၀ကို ဆန်ခါတင် ရွေးချယ်ခဲ့ကြတာပါ။
ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနဲ့ အမှုဆောင်သစ်တွေ နောက်ဆုံးအဆင့်ရွေးချယ်ဖို့ နာယကကြီး ၁၀ ဦးနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့က ဆန်ကာတင် ၂၀ ဦးအနက်မှ ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ ၊ အတွင်းရေးမှူး တွဲဖက်အတွင်းရေးမှူး၊ စာရင်းစစ်၊ စည်းရုံးရေးမှူး၊ ပြန်ကြားရေးမှူးနဲ့ ဘဏ္ဍာရေးမှူးတွေရွေးချယ်ခဲ့ တာလည်းဖြစ်ပါတယ်။
ဝါရင့်ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ  ဦးဇင်ဝိုင်းဟာ ၂၀၁၂ ခုနှစ်ကလည်း မြန်မာရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး  ၂၀၁၃ခုနှစ် ဇွန်လမှာ ကျန်းမာရေးအခြေအနေကြောင့် အနားယူခဲ့တာဖြစ်ပြီး  ခုတကြိမ်မှာ ထပ်ပြီး တကြော့ပြန် ရွေးချယ်ခံရတာပါ။
ပြီးခဲ့တဲ့သက်တမ်းမှာ ဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့ ဦးလူမင်းကတော့ ခုတကြိမ် ရွေးကောက်ပွဲမှာ ထပ်မံပါဝင် ယှဉ်ပြိုင်ခဲ့ခြင်းမရှိပါဘူး။
ဓာတ်ပုံ-သူသူအောင်
Credit, DVB
Powered by Blogger.