လိင်ဆက်ဆံဖို့ အကောင်းဆုံးအချိန်က မနက်၇နာရီခွဲပါ အရပ်ကတို့ရေ အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ။

လိင်ဆက်ဆံဖို့ အကောင်းဆုံးအချိန်က မနက်၇နာရီခွဲပါ အရပ်ကတို့ရေ

လိင်မှုကိစ္စဟာ လူ့ဘဝမှာ မရှိမဖြစ်မဟုတ်ရင်တောင် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သိပ္ပံပညာရှင်တွေဟာ လိင်မှုကိစ္စကို စူးစမ်းလေ့လာခဲ့ကြတယ်။ Forza Supplements ဆိုတဲ့အဖွဲ့အစည်းတစ်ခုဟာ လိင်ဆက်ဆံဖို့ အကောင်းဆုံးအချိန်ကို လေ့လာခဲ့ကြတယ်။ ကျန်းမာသန်စွမ်းတဲ့ လူ ၁ဝဝဝကို သုတေသနပြုလုပ်ပြီး အဖြေရှာခဲ့တာ ဖြစ်ပါတယ်။
လိင်ဆက်ဆံဖို့ အကောင်းဆုံးအချိန်က မနက်၇နာရီခွဲ (အိပ်ယာထပြီး ၄၅မိနစ်ကြာ) ဖြစ်ပါတယ်။ တစ်ညလုံးအိပ်စက်ထားတဲ့အတွက် ခန္ဓာကိုယ်ဟာ အားပြည့်နေပြီး လန်းဆန်းတက်ကြွနေတဲ့အတွက် ဖြစ်ပါတယ်။ လိင်ဆက်ဆံတဲ့အချိန်မှာ ထွက်ပေါ်လာတဲ့ အမ်ဒိုဖင်ဟောမုန်း (Endorphins) ဟာ စိတ်ဖိအားကို လျော့နည်းစေပြီး လုပ်ငန်းခွင်မှာ တက်ကြွစေပါတယ်။ အမ်ဒိုဖင်ဟောမုန်းဟာ သွေးဖိအားကိုလည်း လျော့ကျစေတဲ့အတွက် ညောင်းညာကိုက်ခဲတာမျိုးလည်း မရှိတော့ပါဘူး။
ဒါပေမယ့် အဆီဓာတ်တွေ လျော့ကျစေဖို့ လိင်မဆက်ဆံခင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်သင့်ပါတယ်လို့ အကြံပြုထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မနက်အိပ်ယာထမှာ သကြားဓာတ်၊ အင်ဆူလင်ဟောမုန်း (Insulin) နဲ့ ဂလိုင်ကိုဂျင် (Glycogen) တွေဟာ ပုံမှန်အချိန်ထက် နိမ့်ကျနေတဲ့အတွက် ဖြစ်ပါတယ်။
မနက်၆နာရီ၄၅မိနစ်မှာ အိပ်ယာထမယ်။ ၇နာရီမှာ အပြေးလေ့ကျင့်မယ်။ ၇နာရီ၁၅မိနစ်မှာ မနက်စာစားမယ်။ မနက်၇နာရီခွဲ ရောက်တာနဲ့ လိင်ဆက်ဆံဖို့ အကောင်းဆုံးအချိန်ဖြစ်လာပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျားဟောမုန်း (Male Testosterone) ဟာ အိပ်ယာထတဲ့အချိန်မှာ အမြင့်ဆုံးဖြစ်ပြီးတော့ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ရရှိစေပါတယ်။ ဒါပေမယ့် နာရီဝက်ထက် မကြာပါစေနဲ့ (ရုံးမမီပဲ ဖြစ်နေမယ်) ။ ဘယ်အချိန်မှာ လိင်ဆက်ဆံဖို့ အကောင်းဆုံးလဲလို့ မေးလာရင် မနက်၇နာရီခွဲလို့ပဲ ဖြေလိုက်မယ်နော်။ နှိုးစက်ချပြီး သတိပေးလိုက်ပါဦး။
ကျော်စိုးအောင် (အခရာ)
www.akhayar.com
Powered by Blogger.