အမှိုက်မရှိတဲ့ ရွာကိုတွေ့ပြီကွာ။ အိပ်မက်များလားလို့တောင် ထင်မိတယ်။ တကယ်ကြီးပါဗျာ။ ကျောက်တန်းကနေ ၉. မိုင်ခွဲဝင်ရသေးတယ်။ ရွာနာမည်က. ဝဲကြီးရွာ တဲ့။
ကဗျာမဆန်ပေမဲ့ ပနံရတဲ့ရွာပေါ့ ။ အိမ်တိုင်းမှာအမှိုက်အိတ်လေးတွေ ရှိသလို လမ်းဘေးမှာလဲ အမှိုက်ခြင်းတွေရှိတယ်။ ထွက်လာတဲ့အမှိုက်ကို စွန့်ပစ်ဘို့ စနစ်သတ်မှတ်ထားတာကိုက ရွာရဲ့အဆင့်အတန်းပဲ။
အမှိုက်ကင်းစင်ဘို့ ငွေကုန်စရာမလိုပါဘူး။ စည်းကမ်းရိရင် ရပြီ။ ညီညွတ်ကြရင် ရပြီ။
မြန်မာပြည်က ရွာတိုင်း၊ရပ်ကွက်တိုင်း ဒီလိုအမှိုက်ကင်းစင်ဘို့ ဘာတွေများ လိုအပ်နေပါလိမ့်။
နိုင်ဝင်း(မင်းဥက္ကာ)
ထံမှ ကူးယူတင်ပြပါသည်။
Credit: Hnin Phyu Phy