တောသူမလေးဘဝကို ဘယ်တော့မှ မမေ့ဘူးဆိုတဲ့ ဖြူဖြူထွေး
သူမရဲ့ ခပ်ဟော့ဟော့ အမူအယာတွေကြောင့်လည်း အမျိုးသမီးငယ်တစ်ဦးအနေနှင့် မလုပ်သင့် ဟုလည်း ဝေဖန်သူများရှိနေသည်။ သူမက မော်ဒယ်အလှဓာတ်ပုံများလည်း ရိုက်ကူးထားတာကို တွေ့ရသည်။
စက်တင်ဘာလ ၂၂ ရက်နေ့မှာတော့ ဖြူဖြူထွေးက ယခုလိုအောင်မြင်နေချိန်မှာ တောကလာတဲ့ သူမရဲ့ဘဝအမှန်လေးကို ဓာတ်ပုံတွေတင်ပြီး ပရိသတ်တွေ သိအောင် ချပြလာပါတယ်။
“မိသာစု အမှတ်တရ ပုံလေးတွေတစ်ချို့ ပါ
ကိုယ့်ရဲ့ မိသာစုနဲ့အတူ ထမင်းလက်စုံမစားရတာ
၎ နှစ်ရှိနေပြီး အခုပုံလေးတွေ တင်ရတာလဲ စိတ်ဓာတ်ကျမိတဲ့အချိန်တိုင်း ဒီပုံလေးတွေကြည့်ပြီး
မျက်ရည်ကျတယ် မိသာစုတွေ ဘယ်လောက်ပဲအခက်အခဲရှိရှိ ရွားဆိုတဲ့ တောဓလေ့လေး မှာ နေဝင် မိုးချူပ်တဲ့အထိ လယ်ထဲမှာ ပျော်ပျော် အသီးအနှံလေးတွေ စိုက်စားရတဲ့ ဘဝတွေကို ဘယ်တော့မမေ့ဘူး” လို့ ရေးသားထားသည်။
ဖြူဖြူထွေးက လူစိတ်ဝင်စားအောင် အထူးအဆန်းလုပ်ချင်တဲ့ ဗီဇပါခြင်း၊ ရုပ်ရည်ပြေပြစ်ခြင်းတွေကြောင့် လူချစ်လူခင်များနေတာလည်း ဖြစ်ပါတယ်။ ခုဆိုရင် ဖေ့စ်ဘွက်လူမှုကွန်ယက်မှာ သူမရဲ့အမာခံပရိတ်သတ်အဖွဲ့တွေ ရှိနေပါပြီ။ အင်တာဗျူးများ ဖြေဆိုနေရသလို၊ ဖျော်ဖြေပွဲများလည်း တက်နေရပြီဖြစ်သည်။
Credit, PannPwi