မြန်မာနိုင်ငံ ရုပ်ရှင် အစဉးရုံး ဥက္ကဋ္ဌ အဖြစ် ခန့်စည်သူရွေးချယ်ခံရ အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ။

မြန်မာနိုင်ငံ ရုပ်ရှင် အစဉးရုံး ဥက္ကဋ္ဌ အဖြစ် ခန့်စည်သူရွေးချယ်ခံရ


မြန်မာနိုင်ငံ ရုပ်ရှင် အစည်းရုံး အမှုဆောင်သစ်ရွေးချယ်ပွဲကို စက်တင်ဘာလ ၂၃ နှင့် ၂၄ ရက်နေ့များတွင် နှစ်ရက်တိုင်တိုင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဇာတ်ညွှန်း အလွှာအ တွက် ဦးအေးကြူလေးနှင့် ဦးတင်ထွန်းအောင်၊ စက်မှုအလွှာအတွက် ကိုကျော်ညွှန့်နှင့် ကိုသားကျော်၊ ဒါရိုက်တာ အလွှာ အတွက် ညီညီထွန်းလွင်နှင့် ဦးဇော်မြင့်ဦး၊ ဗီဒီယိုအလွှာမှ ကိုဝင်းနိုင်နှင့် ကိုနေထူးနိုင်တို့က ရွေးချယ်ခံခဲ့ရသည်။
အဓိက သရုပ်ဆောင် အခြေခံ အလွှာ မှ ခန့်စည်သူ နှင့် ဇင်ဝိုင်း၊ ဇာတ်ပို့ဇာတ်ရံ အလွှာ မှ အောင်ခိုင်နှင့် ဦးဝင်းမြိုင်၊ အုပ်ချုပ်ဖြန့်ချိပြသ အခြေခံ အလွှာ မှ ဦးဇော်မင်း(မင်္ဂလာ)နှင့် ကိုလှသိန်း၊ တည်းဖြတ်မှတ်တမ်းအခြေခံအလွှာမှ ဦးဇော်မင်း(ဟံသာမြေ)နှင့် ကိုတင်ငြိမ်းတို့ကို ရွေးချယ်ခဲ့ကြပြီး ထုတ်လုပ်သူအလွှာအတွက် အဆိုပြုလာသူနှစ်ဦးအား အတည်ပြုပြီးကြောင်း သတင်းရရှိသည်။
Credit : popolay

Powered by Blogger.