"ေျမြေပြးလိုလူမျဖစ္ေစနဲ႕" ================= ဖတ္​ျဖစ္​​ေအာင္​ဖတ္​​ေနာ္​ ပုံကုိနွိပ္ပါ။

ZG
"ေျမြေပြးလိုလူမျဖစ္ေစနဲ႕"
================= ဖတ္​ျဖစ္​​ေအာင္​ဖတ္​​ေနာ္​

ဘာေျကာင့္ ဒီလိုေျပာပါလိမ့္ေနာ့ ေျပာျပမယ္ေနာ့ ။
ကြၽန္​​ေတာ္​တို႔ ဖဒိုၿမိဳ႕က ​ေစ်းထဲမွာ ​ေႁမြသည္​​ေတြအမ်ားႀကီး႐ွိတယ္​.။

စပါး​ရိတ္​ခ်ိန္​ဆိုရင္​ ​ေခါင္​းျဖတ္​ထားတဲ့ ​ေႁမြ​ေတြ
အ​ေခြလိုက္​ထည္​့ထားတဲ့ လင္​ဗန္း​ကိုယ္စီ​ရြက္​ၿပီး
ေႁမြလိုက္​​ေရာင္​း​ေနတဲ့ ​မိန္​းက​ေလး​​ေတြကို
ေဆာင္​းဦးနံနက္​ခင္​းတိုင္​း ေတြ႔ရတတ္​တယ္​..။

လင္​း​ေႁမြ ​ေရ​ေႁမြ ​ေႁမြ​ေပြး အစံုပဲ..​ေႁမြ​ေပြးဆိုရင္​​ေတာ့ ​ေစ်းႀကီးတယ္​.။

တစ္​​ေကာင္​ကို ၁ေသာင္း ၀န္​းက်င္​​ေပးရတယ္​..
လင္​း​ေႁမြတို႔ ​ေရ​ေႁမြတို႔က ပိသာခ်ိန္​နဲ႔ ​ေရာင္​းတာ..​ေစ်းသိပ္​မရဘူး..။

ဒါ​ေၾကာင္​့ ​ေႁမြဖမ္​းသမား​ေတြက ေႁမြ​ေပြးလိုက္​႐ွာၿပီးဖမ္​းတတ္​တယ္​..။

တစ္​ညကို ၂ ​ေကာင္​​ေလာက္​ပဲရ..
​ေန႔တြက္​ ၂ေသာင္း စီသြားၿပီ​ေလ..

ကြၽန္​​ေတာ္​့အိမ္​နားမွာ ​ေႁမြလိုက္​ဖမ္​းတဲ့ ​ေႁမြမုဆိုး
ကရင္ဖထီးျကီး ​တစ္​​ေယာက္​႐ွိ​တယ္​..။

တစ္​​ေနကုန္​ အရက္​​ေလး​ေသာက္​လိုက္​ အိပ္​လိုက္​နဲ႔
ညက်မွ ၂ ခြမွိန္​း​ေလးကိုင္​ ၊ ၀ါးပလိုင္​း​ေလးလြယ္​ ၊
ဓားမ​တိုေလးတစ္​​ေခ်ာင္​း ခါးၾကားထိုးၿပီး ကြမ္​း​ေလးတစ္​ဖြီဖြီနဲ႔ေႁမြလိုက္​ဖမ္​း​ေတာ့တာပဲ..။

သူ႔​ေျခ​ေထာက္​တစ္​ဖက္​က နဲနဲဆာတာတာနဲ႔ဆို​ေတာ့
လမ္​း​ေလ်ာက္​ရင္​ သိပ္​မ​ေလ်ာက္​ႏိုင္​ဘူး..

ဒါ​ေပမဲ့ ည ၃ နာရီ​ေလာက္​ဆိုရင္​ အိမ္​​ေ႐ွ႕က​ေန ​ေတာစီးဖိနပ္​သံတစ္​ဂြက္​ဂြက္​နဲ႔ သူအိမ္​ျပန္​တဲ့အသံကိုၾကားရတယ္​..။

ကရင္​သီခ်င္​း​ေလးခပ္​တိုးတိုး ဆိုလာၿပီဆို က်ိန္​​​းေသတယ္​..
​ေႁမြ​ေပြး ၂ ​ေကာင္​​ေလာက္​မိလာၿပီ..

​ေျခ​ေထာက္​ဆာတာတာနဲ႔ ဒီအတီးက
အင္​မတန္​လ်ွင္​ျမန္​တဲ့ ​ေႁမြဆိုတဲ့ သတၱ၀ါကို ဘယ္​လိုဖမ္​းလဲဆိုတာကြၽန္​​ေတာ္​စိတ္​၀င္​စားတယ္​..။

ဒါ​ေၾကာင္​့ တစ္​​ေန႔​ေတာ့ ကြၽန္​​ေတာ္​အဲ့ဒီအတီးအိမ္​ကို
သြားလည္​ရင္​း သူ႔ကို အင္​တာဗ်ဴးရတာ​ေပါ့..

"အတီး..အတီးက ​ေျခ​ေထာက္​လည္​း မသန္​ဘဲနဲ႔
ဒီ​ေလာက္​ျမန္​တဲ့ ​ေႁမြ​ေတြကို ဘယ္​လိုဖမ္းလဲဗ်.."

"ငါက ​ေျခ​ေထာက္​မသန္​​ေတာ့ လင္​း​ေႁမြတို႔ ​ေရ​ေႁမြ​တို႔ကို
မဖမ္​းႏိုင္​ဘူး..။

ဒီ​ေကာင္​​ေတြက လူ​ေတြ႔ရင္​ ထြက္​​ေျပးတယ္​ကြ.
ဒါ​ေၾကာင္​့ငါ​ေႁမြ​ေပြးပဲဖမ္​းတယ္​.."

"အတီးက ​ေႁမြ​ေပြးကို​ေရာ ဘယ္​လိုဖမ္​းလဲ.."

"​ေႁမြ​ေပြးက လူ​ေတြ႔ရင္​ ထြက္​မ​ေျပးဘူးကြ..
လူုကိုရန္​မူမယ္​ဆိုၿပီး အသင္​့အ​ေနအထားနဲ႔ ၿငိမ္​​ေနတာ..။

သူ႔မွာ အဆိပ္​ျပင္​းတယ္​ေပါ့ကြာ..။
ဘယ္​သူ႔ကိုမွ ဂ႐ုမစုိက္​ဘူး​​ေပါ့..
လာမထိနဲ႔ ​ေသသြားမယ္​​ေပါ့ကြာ..။

သူ႔ကိုထိတာနဲ႔ ဆတ္​ခနဲ လွမ္​းကိုက္​​ေတာ့တာပဲ​ေဟ့..
​သူ႔ကိုမထိ​ေသးရင္​ မင္​းကိုဘာမွမလုပ္​ဘူး..

အဲ့ဒီ​ေတာ့ သူ႔​ေခါင္​းနားကို မွိန္​းနဲ႔အသာ​ေလးကပ္​သြားၿပီး
ထိလုထိခင္​က်မွ မွိန္​း ၂ ခြနဲ႔ ​ေခါင္​းကိုအျမန္​ထိုးခ်လိုက္​ရင္​
ဒီ​ေကာင္​့ကို မိတာပဲ..ဟဲဟဲ....။

​ေႁမြထဲမွာ အဆိပ္​ျပင္​းပါတယ္​ဆိုတဲ့ ​ေႁမြ​ေပြးက
ဖမ္​းလို႔အလြယ္​ဆံုးဟ..။

ဒီ​ေကာင္​က အဆိ္ပ္​ျပင္းတယ္​ဆိုၿပီး သူ႔ကိုယ္​သူ
မာန္​တတ္​​ေနတာကိုး..."

"​ေအာ္​......"

ကြၽန္​​ေတာ္​့ရင္​ထဲ အ​ေတြး​ေတြ တသီႀကီးနဲ႔
အတီးအိမ္​က ျပန္​လာခဲ့တယ္​..။

အဆိပ္​မ႐ွိ​​တဲ့ ​ေရ​ေႁမြတို႔ လင္​း​ေႁမြတို႔ကမွ
လြတ္​​ေျမာက္​နို္​င္​တဲ့လမ္​း ႐ွိ​ေသးတာပါလား..
ငါအဆိပ္​ျပင္​းတာပဲဆိုၿပီး မာန္​တတ္​​ေနတဲ့ ​ေႁမြ​ေပြးက​ေတာ့
​ေႁမြမုဆိုးလက္​ထဲမွာ ​ေသတာပဲ..။

တကယ္​က...
အဆိပ္​တည္​းဟူ​ေသာ မာန္​မာန​ အမွားေၾကာင္​့
အဆိပ္​တည္​းဟူ​ေသာ အားကိုးရာလက္​နက္​​အမွားေၾကာင္​့
သူတစ္​ပါးကို အထင္​ေသးမိတဲ့အခါ
​ေႁမြမုဆိုးလက္​မွာ ​ေသပြဲ၀င္​ရ႐ွာတာပါလား..။

ကြၽန္​​ေတာ္​ ဆက္​စပ္​ၿပီး ​ေတြး​ေနမိတယ္​...
ကြၽန္​​ေတာ္​တို႔ လူ႔​ေဘာင္​ လူ႔ပတ္​၀န္​းက်င္​မွာလည္​း
လူ​ေႁမြ​ေပြး​ေတြ အမ်ားအျပားပါလား..။

ဟင္​း..ငါ့လာမထိနဲ႔​ေနာ္​..​ေသသြားမယ္​..
ငါ့ကို ဘာ​ေကာင္​ထင္​​ေနလဲ..
ငါလုပ္​လိုက္​ရ မင္​းဘ၀ပ်က္​သြားမယ္​ သားႀကီး..။

ငါနဲ႔ မၿငိ​ေစနဲ႔..ဆိုတဲဲ့
အစြယ္​တစ္​​ေဖြး​ေဖြး လူ​ေႁမြ​ေပြး​ေတြကုိ ​ေတြ႔တိုင္​း
​ေျခ​ေထာက္​တစ္​ဖက္​ဆာ​ေနတဲ့ ​ေႁမြမုဆိုးကရင္​ဖထီးႀကီးကို
ကြၽန္​​ေတာ္​ ​ေျပးျမင္​ၿပီး ျပံဳးမိတယ္​..။

ကို္​ယ္​့ကိုယ္​ကိုလည္​း ျပန္​လည္​ ဆင္​ျခင္​ခဲ့တယ္​..။

စီးပြား​ေရး​ေလး အဆင္​​ေျပလာတိုင္​း
လုပ္​ငန္​း​ေတြ တိုးတတ္​လာတိုင္​း
​​ေနာက္​ဆံုး..fb မွာ follower ​ေတြ တိုးလာတိုင္​း
ကိုယ့္ကို ခ်ီးက်ဴးသံ​ေတြ ညံလာတိုင္​း
"ငါကြ" ဆိုတဲ့ မာန္​မာန​ေတြ တစ္​ရိပ္​ရိပ္​တတ္​လာ​ေနခဲ့ပါလား..။

ကိုယ္​့​ေခါင္​း​ေပၚမွာ ဖထီးရဲ႕ ခက္​ရင္​း ၂ ခြ မွိန္​းႀကီး
လာ၀ဲ​ေနၿပီ​ဆိုတာ မသိဘဲနဲ႔ ယစ္​မူးသာယာ​ေနတဲ့
မာန္​မာန အဆိပ္​​ေတြ..မာန္​မာန အစြယ္​​ေတြ..

အိုး.....ရင္​ထဲမွာ အသိဥာဏ္​တစ္​ခ်ိဳ႕
လင္​းလက္​လို႔သြားပါတယ္​..

မာန္​တတ္​မယ္​ၾကံတိုင္​း ကြမ္​း​ေလးတဖြီဖြီနဲ႔ မွိန္​းႀကီးကိုင္​ထားတဲ့ဖထီးရဲ႕ပံုရိပ္​ကိုျမင္​​ေယာင္​မိၿပီး ကိုယ္​့ကို္​ယ္​ကို ျပန္​ဆံုးမတယ္​..။

မိတ္​​ေဆြတို႔​ ေခါင္​း​ေပၚမွာ​ေရာ.. ဖထီးရဲ႕ မွိန္​းႀကီး​ေရာက္​​ေနၿပီလား...ေမာ့ၾကည္​့ၾက​ေစခ်င္​ပါတယ္​..။

ကိုစိုးထိုက္​(ဖဒို)

UNI
"မြွေပွေးလိုလူမဖြစ်စေနဲ့"
=================

ဘာကြောင့် ဒီလိုပြောပါလိမ့်နော့ ပြောပြမယ်နော့ ။
ကျွန်​​တော်​တို့ ဖဒိုမြို့က ​ဈေးထဲမှာ ​မြွေသည်​​တွေအများကြီးရှိတယ်​.။

စပါး​ရိတ်​ချိန်​ဆိုရင်​ ​ခေါင်​းဖြတ်​ထားတဲ့ ​မြွေ​တွေ
အ​ခွေလိုက်​ထည်​့ထားတဲ့ လင်​ဗန်း​ကိုယ်စီ​ရွက်​ပြီး
မြွေလိုက်​​ရောင်​း​နေတဲ့ ​မိန်​းက​လေး​​တွေကို
ဆောင်​းဦးနံနက်​ခင်​းတိုင်​း တွေ့ရတတ်​တယ်​..။

လင်​း​မြွေ ​ရေ​မြွေ ​မြွေ​ပွေး အစုံပဲ..​မြွေ​ပွေးဆိုရင်​​တော့ ​ဈေးကြီးတယ်​.။

တစ်​​ကောင်​ကို ၁သောင်း ၀န်​းကျင်​​ပေးရတယ်​..
လင်​း​မြွေတို့ ​ရေ​မြွေတို့က ပိသာချိန်​နဲ့ ​ရောင်​းတာ..​ဈေးသိပ်​မရဘူး..။

ဒါ​ကြောင်​့ ​မြွေဖမ်​းသမား​တွေက မြွေ​ပွေးလိုက်​ရှာပြီးဖမ်​းတတ်​တယ်​..။

တစ်​ညကို ၂ ​ကောင်​​လောက်​ပဲရ..
​နေ့တွက်​ ၂သောင်း စီသွားပြီ​လေ..

ကျွန်​​တော်​့အိမ်​နားမှာ ​မြွေလိုက်​ဖမ်​းတဲ့ ​မြွေမုဆိုး
ကရင်ဖထီးကြီး ​တစ်​​ယောက်​ရှိ​တယ်​..။

တစ်​​နေကုန်​ အရက်​​လေး​သောက်​လိုက်​ အိပ်​လိုက်​နဲ့
ညကျမှ ၂ ခွမှိန်​း​လေးကိုင်​ ၊ ဝါးပလိုင်​း​လေးလွယ်​ ၊
ဓားမ​တိုလေးတစ်​​ချောင်​း ခါးကြားထိုးပြီး ကွမ်​း​လေးတစ်​ဖွီဖွီနဲ့မြွေလိုက်​ဖမ်​း​တော့တာပဲ..။

သူ့​ခြေ​ထောက်​တစ်​ဖက်​က နဲနဲဆာတာတာနဲ့ဆို​တော့
လမ်​း​လျောက်​ရင်​ သိပ်​မ​လျောက်​နိုင်​ဘူး..

ဒါ​ပေမဲ့ ည ၃ နာရီ​လောက်​ဆိုရင်​ အိမ်​​ရှေ့က​နေ ​တောစီးဖိနပ်​သံတစ်​ဂွက်​ဂွက်​နဲ့ သူအိမ်​ပြန်​တဲ့အသံကိုကြားရတယ်​..။

ကရင်​သီချင်​း​လေးခပ်​တိုးတိုး ဆိုလာပြီဆို ကျိန်​​​းသေတယ်​..
​မြွေ​ပွေး ၂ ​ကောင်​​လောက်​မိလာပြီ..

​ခြေ​ထောက်​ဆာတာတာနဲ့ ဒီအတီးက
အင်​မတန်​လျှင်​မြန်​တဲ့ ​မြွေဆိုတဲ့ သတ္တဝါကို ဘယ်​လိုဖမ်​းလဲဆိုတာကျွန်​​တော်​စိတ်​၀င်​စားတယ်​..။

ဒါ​ကြောင်​့ တစ်​​နေ့​တော့ ကျွန်​​တော်​အဲ့ဒီအတီးအိမ်​ကို
သွားလည်​ရင်​း သူ့ကို အင်​တာဗျူးရတာ​ပေါ့..

"အတီး..အတီးက ​ခြေ​ထောက်​လည်​း မသန်​ဘဲနဲ့
ဒီ​လောက်​မြန်​တဲ့ ​မြွေ​တွေကို ဘယ်​လိုဖမ်းလဲဗျ.."

"ငါက ​ခြေ​ထောက်​မသန်​​တော့ လင်​း​မြွေတို့ ​ရေ​မြွေ​တို့ကို
မဖမ်​းနိုင်​ဘူး..။

ဒီ​ကောင်​​တွေက လူ​တွေ့ရင်​ ထွက်​​ပြေးတယ်​ကွ.
ဒါ​ကြောင်​့ငါ​မြွေ​ပွေးပဲဖမ်​းတယ်​.."

"အတီးက ​မြွေ​ပွေးကို​ရော ဘယ်​လိုဖမ်​းလဲ.."

"​မြွေ​ပွေးက လူ​တွေ့ရင်​ ထွက်​မ​ပြေးဘူးကွ..
လူုကိုရန်​မူမယ်​ဆိုပြီး အသင်​့အ​နေအထားနဲ့ ငြိမ်​​နေတာ..။

သူ့မှာ အဆိပ်​ပြင်​းတယ်​ပေါ့ကွာ..။
ဘယ်​သူ့ကိုမှ ဂရုမစိုက်​ဘူး​​ပေါ့..
လာမထိနဲ့ ​သေသွားမယ်​​ပေါ့ကွာ..။

သူ့ကိုထိတာနဲ့ ဆတ်​ခနဲ လှမ်​းကိုက်​​တော့တာပဲ​ဟေ့..
​သူ့ကိုမထိ​သေးရင်​ မင်​းကိုဘာမှမလုပ်​ဘူး..

အဲ့ဒီ​တော့ သူ့​ခေါင်​းနားကို မှိန်​းနဲ့အသာ​လေးကပ်​သွားပြီး
ထိလုထိခင်​ကျမှ မှိန်​း ၂ ခွနဲ့ ​ခေါင်​းကိုအမြန်​ထိုးချလိုက်​ရင်​
ဒီ​ကောင်​့ကို မိတာပဲ..ဟဲဟဲ....။

​မြွေထဲမှာ အဆိပ်​ပြင်​းပါတယ်​ဆိုတဲ့ ​မြွေ​ပွေးက
ဖမ်​းလို့အလွယ်​ဆုံးဟ..။

ဒီ​ကောင်​က အဆိ်ပ်​ပြင်းတယ်​ဆိုပြီး သူ့ကိုယ်​သူ
မာန်​တတ်​​နေတာကိုး..."

"​အော်​......"

ကျွန်​​တော်​့ရင်​ထဲ အ​တွေး​တွေ တသီကြီးနဲ့
အတီးအိမ်​က ပြန်​လာခဲ့တယ်​..။

အဆိပ်​မရှိ​​တဲ့ ​ရေ​မြွေတို့ လင်​း​မြွေတို့ကမှ
လွတ်​​မြောက်​နို်​င်​တဲ့လမ်​း ရှိ​သေးတာပါလား..
ငါအဆိပ်​ပြင်​းတာပဲဆိုပြီး မာန်​တတ်​​နေတဲ့ ​မြွေ​ပွေးက​တော့
​မြွေမုဆိုးလက်​ထဲမှာ ​သေတာပဲ..။

တကယ်​က...
အဆိပ်​တည်​းဟူ​သော မာန်​မာန​ အမှားကြောင်​့
အဆိပ်​တည်​းဟူ​သော အားကိုးရာလက်​နက်​​အမှားကြောင်​့
သူတစ်​ပါးကို အထင်​သေးမိတဲ့အခါ
​မြွေမုဆိုးလက်​မှာ ​သေပွဲ၀င်​ရရှာတာပါလား..။

ကျွန်​​တော်​ ဆက်​စပ်​ပြီး ​တွေး​နေမိတယ်​...
ကျွန်​​တော်​တို့ လူ့​ဘောင်​ လူ့ပတ်​၀န်​းကျင်​မှာလည်​း
လူ​မြွေ​ပွေး​တွေ အများအပြားပါလား..။

ဟင်​း..ငါ့လာမထိနဲ့​နော်​..​သေသွားမယ်​..
ငါ့ကို ဘာ​ကောင်​ထင်​​နေလဲ..
ငါလုပ်​လိုက်​ရ မင်​းဘ၀ပျက်​သွားမယ်​ သားကြီး..။

ငါနဲ့ မငြိ​စေနဲ့..ဆိုတဲဲ့
အစွယ်​တစ်​​ဖွေး​ဖွေး လူ​မြွေ​ပွေး​တွေကို ​တွေ့တိုင်​း
​ခြေ​ထောက်​တစ်​ဖက်​ဆာ​နေတဲ့ ​မြွေမုဆိုးကရင်​ဖထီးကြီးကို
ကျွန်​​တော်​ ​ပြေးမြင်​ပြီး ပြုံးမိတယ်​..။

ကို်​ယ်​့ကိုယ်​ကိုလည်​း ပြန်​လည်​ ဆင်​ခြင်​ခဲ့တယ်​..။

စီးပွား​ရေး​လေး အဆင်​​ပြေလာတိုင်​း
လုပ်​ငန်​း​တွေ တိုးတတ်​လာတိုင်​း
​​နောက်​ဆုံး..fb မှာ follower ​တွေ တိုးလာတိုင်​း
ကိုယ့်ကို ချီးကျူးသံ​တွေ ညံလာတိုင်​း
"ငါကွ" ဆိုတဲ့ မာန်​မာန​တွေ တစ်​ရိပ်​ရိပ်​တတ်​လာ​နေခဲ့ပါလား..။

ကိုယ်​့​ခေါင်​း​ပေါ်မှာ ဖထီးရဲ့ ခက်​ရင်​း ၂ ခွ မှိန်​းကြီး
လာ၀ဲ​နေပြီ​ဆိုတာ မသိဘဲနဲ့ ယစ်​မူးသာယာ​နေတဲ့
မာန်​မာန အဆိပ်​​တွေ..မာန်​မာန အစွယ်​​တွေ..

အိုး.....ရင်​ထဲမှာ အသိဉာဏ်​တစ်​ချို့
လင်​းလက်​လို့သွားပါတယ်​..

မာန်​တတ်​မယ်​ကြံတိုင်​း ကွမ်​း​လေးတဖွီဖွီနဲ့ မှိန်​းကြီးကိုင်​ထားတဲ့ဖထီးရဲ့ပုံရိပ်​ကိုမြင်​​ယောင်​မိပြီး ကိုယ်​့ကို်​ယ်​ကို ပြန်​ဆုံးမတယ်​..။

မိတ်​​ဆွေတို့​ ခေါင်​း​ပေါ်မှာ​ရော.. ဖထီးရဲ့ မှိန်​းကြီး​ရောက်​​နေပြီလား...မော့ကြည်​့ကြ​စေချင်​ပါတယ်​..။

Credit-Original Uploader
​ေလးစားစြာျဖင္​့
#ခမီတုိင္​းရင္​းသား​ေလးရဲ​ေသြး
Powered by Blogger.