" ပြသာနာတက်နေတဲ့ စိုးသူဇနီးဟောင်းမခငယ်နဲ့ Ivan Oo " . ငါ့ကို မင်းတို့ ဇာတ်ရှုပ်ထဲ မဆီမဆိုင်ဆွဲသွင်းနေတာခုရပ်ပါညီမလေး ငါ ဒါဒါတို့ မိသားစုနဲ့ ငယ်ငယ်ထဲကခင်ပေမယ့် ... (အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

Ivan Oo နဲ့ မင်းသားစိုးသူရဲ့ ဇနီးဟောင်း မခငယ်တို့ဟာ
Social Media ပေါ်မှာအပြန်အလှန်စကားစစ်ထိုးပွဲတွေဖြစ်နေကြပါတယ် ။
အကြောင်းရင်းကတော့ အနုပညာရှင်တွေရဲ့ အတွင်းရေးတွေကိုဖော်ပြလေ့ရှိတဲ့ Cele Cele Small Admin ကို
Ivan Oo လို့ မခငယ်တို့ဘက်က စွပ်စွဲတာကြောင့်လို့ Ivan Oo ကဆိုထားပါတယ် ။ သူတို့ Social Account တွေကနေ အပြန်အလှန်
ဘယ်လိုတွေပြောဆိုနေကြသလဲဆိုတာ အောက်မှာစုစည်းဖော်ပြပေးလိုက်ပါတယ် ။ 
" 'ခငယ်' သို့မဟုတ် 'ခင်မြမြဝတ်မှုံဆွေ' သိစေရန် " ဆိုတဲ့ခေါင်းစဉ်နဲ့ Ivan Oo က
" ငါ့ကို မင်းတို့ ဇာတ်ရှုပ်ထဲ မဆီမဆိုင်ဆွဲသွင်းနေတာခုရပ်ပါညီမလေး
ငါ ဒါဒါတို့ မိသားစုနဲ့ ငယ်ငယ်ထဲကခင်ပေမယ့်
သူတို့ ညီအမတွေ အိမ်ထောင်ရေး/Personal ကိစ္စတွေမှာ ငါဘယ်တော့မှ ဝင်မပါခဲ့ဖူးဘူး
သူတို့မှ မဟုတ်ဘူး
ငါဘယ်လောက်ခင်တဲ့သူဖြစ်ဖြစ် လင်မယား ကွဲကြပြဲကြမယ်ဆိုတိုင်း
ငါဟာ ပြန်လည်သင့်မြတ်ရေးကိုဘဲ အားပေးတဲ့သူ
အထူးသဖြင့် သားသမီးရှိနေပြီးတဲ့သူတွေဆိုရင်
ငါကိုယ်တိုင် Broken Family မှာကြီးလာတော့ ဘယ်ကလေးကိုမှ ငါ့လိုမဖြစ်စေချင်ဘူး
ဒါကြောင့် တစ်ဖက်ဖက်ကမှားနေမှန်း သေချာသိနေရင်တောင်
ဘယ်ဖက်ကမှလိုက်မပြောပေးခဲ့ဖူးဘူး
ဒါ ငါနားလည်တဲ့ မိတ်ဆွေကောင်းတို့ရဲ့ ကျင့်ဝတ်ဘဲ
မင်းတို့လင်မယားကွဲတာလဲ ငါနဲ့ မဆိုင်သလို
ဒါဒါ နဲ့ ကိုပေါက်ကြိုက်အောင်လဲ ငါအောင်သွယ်ပေးခဲ့တာမဟုတ်ဘူး
မင်းတို့ ၃ ယောက် ပြသနာဟာ ငါနဲ့ ဘယ်တုန်းကမှ ဘာမှ မဆိုင်ခဲ့ဘူး
ဒါကိုခု မဆီမဆိုင် မင်းငါ့ကို CCS ကိုကိုင်ထားတဲ့သူလို့ ဘာသက်သေမှလဲမရှိဘဲနဲ့
Gindai Pan ဆိုတဲ့အကောင့်ကနေ လိုက်ဖွတယ်
ပြီးတော့ ဒါကို မင်း ACC အစစ်ကနေပြန် Share ပြီးထပ်ဖွတယ်
မင်းခုလို ငါ့ကို Public မှာ မဟုတ်မမှန် လုပ်ကြံ စွတ်ဆွဲလိုက်တာဟာ
မင်း ခုနေနေတဲ့ State Of Maryland နဲ့ ငါတို့ California မှာပါ ဥပဒေအရ
Defamation Of Character (OR) Harassment by Defamatory Statements ပြစ်မှုမြောက်တယ်
မင်းမသိသေးရင်ဖတ်ကြည့်ပါ
The elements of a defamation claim are:
publication of a statement of fact
that is false,*
unprivileged,
has a natural tendency to injure or which causes "special damage," and
the defendant's fault in publishing the statement amounted to at least negligence.
https://www.peoples-law.org/defamation-law-maryland
http://www.dmlp.org/legal-guide/california-defamation-law
ဒီအချက်တွေနဲ့တင် ငါမင်းကိုတရားစွဲနိုင်နေပြီးသား
Maxmimum Penality က ထောင်ဒါဏ် + ငွေဒါဏ်ပါချလို့ရတယ်
ဒါတောင် ငါ့ကို ပေးရမယ့် လျော်ကြေးမပါသေးဘူး
ငါ့ Lawyer တွေက Military က အလကားလိုက်ပေးမှာ
မင်း Defense Attorney တွေက စကားတောင်အလကားပြောလို့မရဘူး
This isn't threat, it's a fact.
မင်းတို့ တင်ခဲ့ဖူးသမျှ လူသောင်းနဲ့ချီပြီး သက်သေရှိသလို Facebook ရဲ့ Post ကို မင်းဖျက်လိုက်ရင်လဲ ငါ Post တိုင်းရဲ့ HTML SCRIPTS တွေနဲ့ SOURCE CODES တွေအကုန် ကူးယူထားပြီးပြီ
မင်းရေးခဲ့တဲ့စာတွေ နဲ့ တင်ထားတဲ့ ငါ့ပုံရဲ့ DIGITAL IMPRINT က မင်းဖျက်လိုက်လဲ FB Backup Server တွေထဲမှာ တစ်သက်လုံးကျန်နေခဲ့ပြီဆိုတာ မင်းနားလည်မယ်မထင်ဘူး
ငါ သက်သေပြနိုင်ရင် Court Order နဲ့ ပြန်တောင်းလို့ရတယ် ဒါပေမယ့် ငါ့မှာ အကုန်ရှိပြီးသားပါ။
မင်း ငယ်ပါသေးတယ် ညီမလေး မမိုက်ပါနဲ့
သူများမြှောက်ပေးတိုင်း လျှောက်မလုပ်ပါနဲ့
မင်း ငါ့ကို Public မှာ စွတ်ဆွဲခဲ့တာမို့ Public မှာဘဲ ပြန်တောင်းပန်ပြီး
လူတွေကို မင်းမဟုတ်တာလုပ်ကြံပြောမိမှန်း ဝန်ခံဖို့ ၂၄ နာရီ အချိန်ပေးမယ်
မင်း ဆက်လိမ်နေမယ်ဆိုရင်တော့
မင်း Cell Ph ..... ကိုဖြစ်ဖြစ်
မင်းအိမ်
..... ကိုဖြစ်ဖြစ် ငါ့ရှေ့နေက ဆက်သွယ်လာလိမ့်မယ် ညီမလေး
Just try to think real hard and don't be stupid.
Have a nice weekend Kiddo. :) " လို့ရေးသားခဲ့တာပါ ။ 
မခငယ်ကလည်း
" အကို ဘက်ကလုပ်စရာရှိတာ လုပ်ပါ ... ကျမဘက်မှ ဘာမှတောင်းပန်စရာ မရှိပါ " လို့အကြောင်းပြန်ခဲ့ပါတယ် ။
ထို့နောက်မှာလည်း အပြန်အလှန် စကားအခြေအတင်ဖြစ်မှုတွေဆက်ရှိခဲ့ပြီး Ivan Oo ကတဖန်
" OMG! :O
သြော် လူတွေ လူတွေ :D
ခင်မြမြဝတ်မှုံဆွေ (ခ) ခငယ် နဲ့လဲငြိရော
ဘယ်တုန်းထဲက အငြိှုးအတေးတွေနဲ့တောင် စုဆောင်းထားမှန်းမသိတဲ့
ပဝေသဏီက အထောက်အထားတွေပါ ပို့လာကြတယ်
E-Mail Acc တွေကတော့ အသစ်တွေ
Materials တွေကတော့ အစစ်တွေ
ခုသိလိုက်ရတာမှ America ကို သူ ဘယ်နည်းနဲ့ရောက်လာပြီး
ဘယ်လိုနေနေတယ်ဆိုတာကအစကနေ
ခုဘာတွေဖြစ်နေတယ်ဆိုတာ အဆုံး
ဘယ်လိုဖြစ်ဖြစ်ပါ ပို့ပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်
ဒါပေမယ့် ..
မိန်းကလေးတစ်ယောက်ကို အဲ့ဒိလောက် မုန်းနေရက်နဲ့
ခုထိ ဘာလို့ စောင့်နေတာလဲ ဆိုတဲ့အချက်က ပိုကြောက်ဖို့ကောင်းတယ်ဗျ
အသံဖိုင်တွေ ပုံတွေ စာတွေ ကျွန်တော် တော်ယုံတင်လေ့မရှိပါဘူး
ဒီတော့ တူတူတွေချည်း အများကြီး ထပ်မပို့ကြပါနဲ့ဗျာ
အမှန်ပြောရရင် ဒီမိန်းကလေးကို အပျင်းပြေတရားစွဲဖို့တောင် သနားသွားတယ်
နောက်ပြီး သူဘာလို့ သူများကိုလိုက်တိုက်ခိုက်နေတာလဲဆိုတာကို ပိုနားလည်လာတယ်
ဥပဒေအရ တုံ့ပြန်ဖို့ ဆုံးဖြတ်ချက်တွေတောင် နည်းနည်းဝေဝါးစပြုလာတယ်
အင်း ... စဉ်းစားစရာပါဘဲလေ ... " လို့ရေးသားထားခဲ့တာကိုတွေ့ရပါတယ် ။
Ivan Oo ဟာ စိုးမြတ်နန္ဒာတို့မိသားစုနဲ့ အလွန်ရင်းနှီးသူလို့သိရှိရပြီး ယခင်ကလည်း ဘီလီလမင်းအေးကို အားပေးထောက်ခံခဲ့ပြီး သားငယ်ကိုအားပေးတဲ့ အဆိုတော်သရုပ်ဆောင် မင်းသွေးနဲ့ အွန်လိုင်းပေါ်မှာ စကားစစ်ထိုးဖူးသူပါ ။ ယခုလည်း မခငယ်နဲ့ အပြန်အလှန်အချေအတင်တွေဖြစ်နေတဲ့ ကိစ္စကို ပရိတ်သတ်တွေကတော့ စိတ်ဝင်တစား ကြည့်ရှုနေကြတာပဲဖြစ်ပါတယ် ။  
သတင်းအရင်းမြစ် : Kha Nge / Ivan Oo
Powered by Blogger.